Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ

Photobucket

Blog EntryJan 13, '12 5:16 AM
for everyone
Post By:13/01/2012/4:30Pm ဒုတိယအကြိမ် လွတ်လပ်ရေး တိုက်ပွဲဝင်တဲ့ မျိုးဆက်သစ်တွေထဲမှာ အကျဉ်းကျခံရသူတွေ အတော် များတဲ့ အတွက် ထောင်အတွေ့အကြုံတွေ အများကြီးသိရပါတယ် စာအုပ်တွေ က တဆင့် လည်း ဖတ်ရဖူးပါတယ်။ ကဗျာဆရာကြီး ဦးတင် မိုး နှုတ်ထွက်စကားကနေ မစိုးရိမ် ဆရာတော် ဘုရားကြီးအထိအောင် ထောင်အတွေ့အကြုံတွေ မျိုးစုံကို နားထောင်ရဖူး ပါတယ်။ ကျောင်းသား ငယ်တွေကစပြီး ဆရာတော်တွေအထိ ဒီမိုကရေစီမြတ်နိုးသူတွေ တော်တော်များများ ကို မြန်မာ ပြည်ရှိ ထောင်တွေမှာ ချုပ်နှောင်ထားပြီး၊ “အကျဉ်းထောင်နိုင်ငံ” အဖြစ် သွတ်သွင်းတာဟာတော့ ဘုရားကြည်ညိုယောင် ဆောင်နေကြတဲ့ စစ်အုပ်စုတွေရဲ့ အတွင်းသရုပ် သဏ္ဌာန်ကို ဖောက် ထွင်းမြင် တွေ့နိုင်ပါတယ်။ ထောင်မရှိတဲ့နိုင်ငံ ကမ္ဘာ ပေါ်မှာ မရှိပါဘူး။ ............................................................................................................................. ဒါပေမဲ့ နိုင်ငံမှာ တရားဥပဒေ ရှိမရှိဆိုတာကိုကို အကဲခပ်ဖို့ဟာ အကျဉ်းထောင်ကို လေ့လာရင် ကိုပဲ အတော်လေးကို သိနိုင်ပါလိမ့်မယ်။အင်္ဂလိပ် မျက်နှာဖြူလက်ထက် ကိုလိုနီအစိုးရအောက် မြန်မာနိုင်ငံ သာရဝေါမြို့နယ်မှာ ဆရာတော်ဦးဝိစာရ နယ်လှည့်တ ရားဟောနေစဉ် ၁၉၂၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ အာဏာဖီဆန်မှုနဲ့ အဖမ်းခံရပြီး အလုပ်နဲ့ ထောင်ဒဏ် (၂) လ ကျခံခဲ့ရပါတယ်။ အင်္ဂလိပ် အစိုးရလက်ထက် ဆရာတော်ဦးဝိစာရဟာ သင်္ဃန်းယုံခွင့်ရပြီး အလုပ်မလုပ်ရတဲ့အပြင် ဆရာ တော်ဟာ “သာယာဝတီ အကျဉ်းထောင်မှတ် တမ်း” တောင် ရေးနိုင်ခဲ့ တယ်လို့ မှတ်သားရဖူးပါတယ်။ ကိုလိုနီခေတ်မှာ တောင် နိုင်ငံရေးသမားကို ရိုသေလေးစားတာကြောင့် ထောင်ကျသွားရင်တောင် အေကလပ် (သို့) ဘီကလပ် အထူး တန်းမှာ အခွင့်ထူးခံလိုထားတယ်။ သာမန်ရာဇဝတ်သားကို စီကလပ်မှာပဲ ထားပါတယ်။ အင်္ဂလိပ်ခေတ်မှာ မကြာခဏ ထောင်ကျတဲ့ သခင်စိုး ကို နိုင်ငံရေးခေါင်းဆောင်လို့ သတ်မှတ်တာမို့ အေကလပ် အထူးတန်းမှာထားတယ်လို့ သမိုင်းမှာ သိရနိုင်ပါတယ်။ သခင်စိုးက ထွက်သမျှ သတင်းစာ အားလုံးကို အရွဲ့တိုက်ပြီးမှာလို့ တရုပ် ကုလား သတင်းစာတွေပါ ပို့ ပေးရတယ်။ .............................................................................................................................. “သခင်ပေါက်စ ထောင်ခြောက်လ” ဆိုတဲ့ ကိုလိုနီဆန့်ကျင်ရေး နယ်ချဲ့ဆန့်ကျင်ရေးခေတ်နဲ့ အခု အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တို့ ခေတ်ကို နှိုင်း ယှဉ်လိုက်ရရင်တော့ သခင်စိုး နေတဲ့ အကျဉ်းထောင်ဟာ စီဒိုးနားလို ဇိမ်ခံ ဟိုတယ်ကြီး ဖြစ် သွားနိုင်ပါတယ်။ ............................................................................................................................. နယ်ချဲ့ကိုလိုနီခေတ်ကထောင်နဲ့ ဦးနု ဒီမိုကရေစီခေတ်ကထောင်ကို ယှဉ်ကြည့်ကြပါစို့။ ပါလီမန်အစိုးရ ခေတ်တုန်းက ၅ (ည) နဲ့ အဖမ်းခံရတဲ့ ထင်ရှားတဲ့ စာရေးဆရာတွေဖြစ်တဲ့ လူထုဦးလှ၊ ဗန်းမော်တင်အောင် ၊ တက္ကသိုလ်နေဝင်းနဲ့ လေထီး ဦးအုန်းမောင် တို့ ထောင်ကျခဲ့ ပါတယ်။ ထောင်ကျခဲ့ကြပေမဲ့ သူတို့အတွက် ထောင်ထဲမှာ စာကြည့်တိုက်ရှိတယ်။ စာဆိုတော်နေ.့ တွေတောင် ကျင်းပခွင့်ရကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီး ထောင်ထဲမှာ စာဆို တော်နေ့တွေ တောင် ကျင်းပနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။သတင်းကျွတ်ပွဲ တန်ဆောင်တိုင်ပွဲလို အခါကြီးရက်ကြီးတွေမှာ ထောင်အာ ဏာပိုင်တွေနဲ့ ညှိနှိုင်းပူးပေါင်းပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင် ခဲ့ကြပါတယ်။ အကျဉ်းသားတွေ စုပေါင်းပြီးကပြတဲ့ ပြဇာတ် တွေ၊ အငြိမ့်တွေလည်း ထောင်ထဲမှာ ပျော်ပျော်ပါးပါး ကပြနိုင်ခဲ့ကြပါတယ်။ အကျဉ်းသားတွေအတွက် ထောင်ထဲမှာ လူမှု ရေးလုပ် ငန်းတွေ အပင်ပန်းခံလုပ်ကိုင်ခဲ့တဲ့ လူထုဦးလှဆိုရင် ထောင်သားတိုင်းက ချစ်ခင်လေးစားတယ်လို့ သိရပါတယ်။ ထောင်သားအချင်းချင်းပြဿနာတက်ပြီး ထောင်အရာရှိတွေ ဘာလုပ်ရမှန်း မသိ အောင် ဦးနှောက်ချောက်ရတဲ့ ကိစ္စမျိုးကို တောင် လူထုဦးလှက ဝင်ရောက်ဖြေရှင်း ရင် ပြေလည် သွားတတ်ပါတယ်လို့ သိရပါတယ်။ ................................................................................................................................... ဒါဟာ ထောင်အုပ်ချုပ်ရေး ကိစ္စတွေမှာတောင် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့တယ်ဆိုတာကို ပြ သနေတဲ့သဘော ဖြစ်ပါတယ်။ အပြင်ကမိတ်ဆွေ အသိတွေကို လည်း ထောင်ထဲမှာ ထမင်းစားဖိတ်တာ၊ အလည်ခေါ်တာ မျိုးလဲ ရရှိခဲ့ကြရပါတယ်။ ၁၉၅၅ ခုနှစ်က သခင်ကိုယ်တော်မှိုင်းကို ရန်ကုန်ထောင်ထဲဖိတ်ကြားပြီး ဗန်းမော်တင်အောင်၊ တက္ကသိုလ်နေဝင်းနဲ့ လေထီးဦးအုန်းမောင်တို့က ကန်တော့ခဲ့ကြတယ် ဆိုပါတယ်။ အဲ့ဒီနေ့က ဗန်းမော်တင်အောင်ရဲ့ အ ခန်းမှာတောင် ဗန်းမော်တင်အောင်နဲ့ လေထီးဦးအုန်းမောင် တို့နှစ်ဦး အမှတ်တရ ဓါတ်ပုံတွဲရိုက်ထားတာရှိတယ်လို့ ကြား ဖူးပါတယ်။ ၁၉၅၆ ခုနှစ်ကလည်း ကျားဘငြိမ်းကို ရန်ကုန်ထောင်ထဲအထိ ဖိတ်ပြီး လက်ဝှေ့ဟန်ရေးပြခိုင်းခဲ့တာ၊ နာမည် ကြီး လှံတံ ပစ် မခင်ထွေးကိုလည်း ထောင်ထဲဖိတ်ပြီး အားကစားသရုပ်ပြပွဲ ပြုလုပ်ခိုင်းခဲ့တာ၊ ဗန်းမော် တင်အောင်၊ တက္က သိုလ်နေဝင်းနဲ့ လေထီးဦးအုန်းမောင် တို့က စာရေးဆရာ ဒဂုံတာရာ ကို ထောင်ထဲ ဖိတ်ခေါ်ပြီး ထမင်းဖိတ်ကြွေးခဲ့ပြီး ဆရာ ကြီး ဒဂုံတာရာက ထောင်ထဲမှာ တနေကုန် နေပြီး မိတ်ဆွေ စာရေးဖော်ရေးဖက်တွေနဲ့ အားရပါးရစကားတွေ လက်ဆုံကျ ကာ၊ ထောင်ထမင်း ထောင်ဟင်းစားပြီး ညနေ ထောင်ဗူးဝ ပိတ်ခါနီးမှ ထောင်ထဲကနေပြန်သွားတယ်၊ အဲဒီခေတ်က ဒီလို အခွင့်အရေးတွေ ထောင်ထဲမှာရခဲ့ကြတယ်။ .............................................................................................................................. အခုတော့ ဒီအကြောင်းတွေဟာ ယုံတမ်းစကားတွေလို့ ထင်မှတ်ရပါတယ်။ ဦးသန်းစိန် အစိုးရ လက်ထက် အကျဉ်းသား ဘဝနဲ့ တခြားစီ ဖြစ်နေပါပြီ။ ပျော်ပွဲရွှင်ပွဲတို့ အားကစားပွဲ တို့ဆိုတာ ဝေးလို့ နေ့ထူးနေ့မြတ်တွေမှာ ကိုယ့်ဖာသာကိုယ် ဥ ပုသ်စောင့်တာတောင် အာဏာပိုင်တွေက နိုင်ငံရေးလုပ်တယ် စွတ်စွဲပြီး ဝိုင်းဝန်းထိုးကြိတ်ကြပါတယ်။ မိတ်ဆွေအပေါင်း အသင်းတွေကို ဖိတ်ဖို့နေနေသာသာ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အရာရှိလို ပုဂ္ဂိုလ်တွေကိုတောင် နအဖ က ထောင်ထဲလာတာ မကြိုက်ပါဘူး။ ................................................................................................................................ ရန်ကုန်ထောင်ကြီးလည်း နေရာမပြောင်း၊ အဖမ်းခံရ တဲ့ ပုဒ်မတွေလည်း မပြောင်း၊ ပြောင်းသွား တာကတော့ ကိုလိုနီစနစ်ကနေ ပါလီမန်ဒီမိုကရေစီစနစ်၊ ပါလီမန်ဒီမိုကရေစီ စနစ်ကနေ အာဏာရှင်စနစ်ထဲရောက်သွားရတော့ နဝတ နအဖ လက်ထက်မှာ သံဃာ ကံဆောင်ပွဲလုပ်မိတဲ့ မန္တလေးမြို့ က လေးပြင်လေးရပ် သံဃာ့ဥက္ကဋ္ဌ ဆရာတော် ဦးရေဝတ၊ ဆရာမောင်သော်က၊ ဦးခင်မောင်မြင့်၊ ဦးတင်မောင်ဝင်း၊ ဗိ သုကာ ဦးကျော်မင်း၊ ဦးမောင်ကို တို့ စစ်အစိုးရအကျဉ်း ထောင်တွေထဲမှာ ကျဆုံးခဲ့ကြရပါတယ်။တိုင်းတပါးသားတွေ ကိုယ့်နိုင်ငံကို ကျွန်လာပြုတာတောင် တိုင်းတပါးသားက မြန်မာ့နိုင်ငံရေးသမားတွေကို တလေးတ စား တန်ဖိုးထားတာ အထင်းသား မြင်ရနိုင်ပါတယ်။ နိုင်ငံဟာ ဒီမိုကရေစီရခါစ ဦးနုအစိုးရလက်ထက်မှာလည်း နိုင်ငံရေး သမားတွေကို အဆင့်အတန်းရှိရှိ ဆက်ဆံခံရပါသေးတယ်။ စစ်အစိုးရတက်ပြီး ၁၉၆၂ ကစပြီး စစ်ဗိုလ်တွေဟာ နိုင်ငံရေး သမားတွေကိုကို အာဏာပြိုင်ဘက်လို သဘောထားလာရုံမက ရန်သူလိုပါ နှိပ်ကွပ်လာတာ တွေ့ရှိရပါတယ်။ ဒီမိုကရေစီ ကိုပေးဖို့ အချိန်မတန်သေးပါဘူး။ ................................................................................................................................. မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်နဲ့ အံဝင်ဂွင်ကျ မဖြစ်သေးဘူး၊ ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံ ကလာတာ စသဖြင့် စစ်အုပ်စုအဆက်ဆက် ခေါင်းဆောင်တွေက ထင်ရာမြင်ရာပြောနေကြသလို အရပ်သား အစိုးရလို့ကြေငြာထားတဲ့ ဦးသိန်းစိန် အစိုးရ အဖွဲ့ဝင်တွေကလည်း ဒီလိုပဲ တသွေ မတိမ်းလိုက်ပြောတာပါပဲ။စစ်အုပ်စုတွေ ကတိမျိုးစုံကို အကြိမ်ကြိမ်အ လီလီကို ဖောက်ဖျက်ပြီး ရေးတာတမျိုး၊ လုပ်တာတမျိုးနဲ့ လုပ်ချင်ရာလုပ်နေ ကြတာပါ။ ၁၉၆၂ ကစပြီး ၁၉၈၈ ကနေ ယ္ခုအချိန်အထိ စစ်အုပ်စုကနေ အရပ်သားအစိုးရလို့ ပြောဆိုကြေငြာနေသည့် တိုင် ကျောင်းသား မျိုးဆက်တွေနဲ့ နိုင်ငံရေးမျိုးဆက် ခေါင်းဆောင်အသီးသီးကို ထောင်တွေထဲထည့်ပြီး အမျိုးမျိုး နှိတ်စက်ခဲ့ကြပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းကအပြင်းအထန်တောင်းဆိုလာပြန်တော့ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိပါဘူးလို့ ဗြောင်ငြင်းဆန်လာပါတယ်။ ဥပဒေတွေကို ချိုးဖောက်လို့ ဖမ်းဆီးထားကြရတာပါတဲ့။ အရှက်ကို လုံးဝမ ရှိတဲ့ တာဝန်ခံမှု တာဝန် ယူမှုလုံးဝ မရှိတဲ့ အာဏာကိုင်တွေ ဖြစ်တယ်ဆိုတာ ထပ်သိရပြန်တယ်။ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်း သား လုံးဝမရှိပါဘူး ပြောနေရင်းက သူတို့လွှတ်လိုက်ရင် နိုင်ငံရေးအကျဉ်းသားလွှတ်တယ် ကြေငြာပြန်ပါတယ်။ ဒီလို မလိမ့်တပတ် အမြဲလုပ်ပါတယ်။ ................................................................................................................................ နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာ ဘယ်လောက်ရှိသလဲ ဆိုတာလည်း အာဏာကိုင်တွေ ဘယ်တော့မှ ပြောလေ့ ပြောထ မရှိပါဘူး။ စစ်အုပ်စုတွေက ယုံကြည်အကျဉ်းသားလို့ မသတ် မှတ်ပေမဲ့ လုံခြုံအကျဉ်းသား၊ သီးသန့်အကျဉ်းသား စသဖြင့် ဘယ်လိုခေါ်ဆိုခေါ်ဆိုစေကာမူ “နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာ ရှိပါတယ်” “နိုင်ငံရေးအကျဉ်းသား တွေ မြန်မာပြည်မှာ ရှိပါတယ်” “နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာ ရှိပါတယ်”။ ..................................................................................................................................... “ယုံကြည်နိုင်ငံရေးအကျဉ်းသားအဖြစ်” ခေါင်းစဉ် အဓိပ္ပါယ်သတ်မှတ် မှုမှာ နိုင်ငံ တကာအဖွဲ့ အစည်းတွေက အကြမ်းမဖက် အနုနည်းဖြင့် ပါဝင်ဆောင်ရွက်ယင်း အကျဉ်းချခံရသူတွေကိုသာ သတ်မှတ်ထားပါတယ်။ “မြန်မာ့နိုင်ငံရေး အကျဉ်းသား” ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ အကြမ်း မဖက်အနုနည်းဖြင့် ပါဝင်ဆောင်ရွက်ယင်း အကျဉ်းချခံရသူတွေကိုသာမက၊ လက်နှက်ကိုင် လှုပ်ရှားမှုအတွင်း အဖမ်းဆီးထိမ်သိမ်းခံရသူ အကျဉ်းချခံရသူတွေကိုပါ ထည့်သွင်း သတ်မှတ် ပါတယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ကရဲရဲဝံ့ဝံ့ ကြေငြာသတ်မှတ်ထားပါတယ်။ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း ဆိုတာ က နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ထောင်အတွေ့အကြုံ ကြီး သူတွေ ဖြစ်တာ မို့၊ မြန်မာ့ နိုင်ငံရေးမှာ ပြည်တွင်းစစ်ဖြစ်နေရတဲ့ နိုင်ငံမှာ ဒီလို ပြတ်ပြတ်သားသား ရပ်တည်ပြသမှု ခေါင်း စဉ် အဓိပ္ပါယ်သတ်မှတ်ပေးတာကို ကျနော် အတော်ကို ဝမ်းသာလက်ခံမိပါတယ်။ ................................................................................................................................ တိုင်းရင်းသားတွေရဲ့ လက်ရှိရင်ဆိုင် နေရတဲ့ အခက်အခဲတိုက်ပွဲတွေကို စာနာနားလည်မှု တန်ဖိုးး ထားမှုတင်မက နိုင်ငံရေးအရ အမြင်ကျယ်ပြန့်မှုရှိတဲ့ အဓိ ပ္ပါယ်ပြည့်စုံတဲ့ ခေါင်းစဉ် အဓိပ္ပါယ် သတ်မှတ်မှု ဖြစ်ပါတယ်။ ဒါဟာ အလွန်အရေကြီးပြီး “ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရ သူ နိုင်ငံရေးအကျဉ်းသားများ” ဆိုတဲ့ “စံ” ကို အကောင်းဆုံး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ................................................................................................................................. မကြာခင်ကလုပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဆယ်ဂဏန်းပဲ ပါတဲ့အပေါ် ပြည်သူအများရဲ့ စိတ်ပျက်သံတွေ၊ လွတ်ငြိမ်းချမ်းသာခွင့်လို့တောင် မသပ်မှတ်နိုင်ဘူး စသဖြင့် ဝေဖန်ထောက်ပြကြပါတယ်။ နိုင်ငံရေး ယုံ ကြည်ချက်ကြောင့် ထောင်ချခံ ထားရတဲ့ သူတွေ ရှိနေသရွှေ့ ဦးသိန်းစိန် အစိုးရအနေနဲ့ လွတ်လပ်ပြီး၊ ဒီမိုကရေစီ ကျင့်သုံး နေပြီလို့ မြန်မာ နဲ့ကမ္ဘာကိုပြောဖို့ မသင့်တော်ပါဘူး။ ဘယ်သူမှလည်းလက်ခံမှာ မဟုတ်ပါဘူး။ ဦးသိန်းစိန် အစိုးရ အဖို့ အ ရပ်သားအစိုးရ ဖြစ်နေတာမို့ နိုင်ငံရေးအကျဉ်သားတွေကို ပြန်ပေးဆွဲထားသလိုမျိုး အရင်စစ်အုပ်စုတွေဖြစ်တဲ့ နဝတ နအ ဖတွေလို ဆက်လက်ထိန်းသိမ်း ချုပ်နှောင် မထားသင့် တော့ပါဘူး။ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံရဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေး တကယ်လုပ်တယ်ဆိုတာ ပြည်သူတွေနဲ့ နိုင်ငံတကာကို အမြန်ဆုံးပြနိုင်ရင် အကောင်း ဆုံး ဖြစ် ပါတယ်။ဒါမှသာ ပြည်သူတွေနဲ့ နိုင်ငံတကာအစိုးရတွေရဲ့ယုံကြည်မှုရပြီး မြန်မာ့ဒီမိုကရေစီရေး၊ ပြည်တွင်းစစ်ရပ်စဲရေး နဲ့ တိုင်းပြည်သာယာဝပြောရေး၊ စီးပွါးရေး ပညာရေး ကျန်မာရေးတွေ အမြန်ဆုံး စတင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ .................................................................................................................................. နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးရေး၊ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေး ကောက်ပွဲတွေမှာ နိုင်ငံတ ကာ လက်ခံနိုင်လောက်တဲ့ လွတ်လပ်မျှတမှုရှိရေးနဲ့ တိုင်းရင်းသား ဒေသတွေမှာ ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခတွေ အမှန် တကယ် ကင်းဝေးသွားအောင် ဆောင်ရွက် ရေးတွေဟာ လတ်တလောလုပ်ဆောင်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ နိုင်ငံ သားချင်း အချင်းချင်း ဘာဖြစ်လို့ အမုန်းပွားနေတော့မှာလဲ။ ထောင်တံခါးတွေဖွင့် သံခြေချင်းတွေ လက်ထိပ်တွေ ဖြုတ်ပြီး ပြည်သူပြည်သားတွေ စိတ်ချမ်းသာမဲ့ မင်္ဂလာနေ့တွေ ဖန်တီးလိုက်ပါတော့လားဗျာ။ ................................................................................................................................. နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေရတယ်။ စားရတယ်။ လွယ်လွယ်သဘော ပေါက်ထားကြတဲ့ အချို့လူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် အ ကျဉ်းကျခံနေကြရတာကို သိရှိဖို့လိုတယ်။ စစ်အာဏာရူးတွေ ဖမ်းချင်သလိုဖမ်း၊ တပ်ချင်တဲ့ပုဒ်မတပ်၊ ရက်ရက်စက်စက် စစ်ကြောရေးတွေ ဝင်ပြီး ရိုက်နှက်ဝန်ခံခိုင်း၊ စိတ်တိုင်းကျ နှစ်တွေနဲ့ထောင်ချပစ်၊ မိဘတွေနဲ့ဝေးရာ ထောင်တွေထဲ ထည့်၊ လိုအပ်ရင် လိုအပ်သလို ပုဒ်ထီး ပုဒ်မတွေ အသစ်ထပ်ရေးဆွဲပြဋ္ဌာန်းပြီး အရေးယူ၊ ထောင် တွေထဲမှာ လူ့ဂုဏ်သိက္ခာ ထိခိုက်တဲ့အထိ လုပ်ပစ်၊ အစားအစာလုံလောက်အောင်မပေး၊ ကျန်းမာရေး လုံးဝဂရုမစိုက် စတာတွေနဲ့ စစ်အုပ်စု အာ ဏာ တည်မြဲရေးကို လုပ်ဆောင်ခဲကြ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ နုနယ်လှတဲ့ ဘဝတွေကိုရင်းပြီး သူတို့တွေ တိုက်ပွဲဝင်နေကြ တယ်ဆိုတာ မြန်မာပြည်က စနစ်ဆိုးကို ဖယ်ရှားဖို့၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားဖို့၊ တရားမျှတမှုတွေ ပြည်သူတရပ်လုံးရဖို့၊ လူ့ဂုဏ်သိက္ခာနဲ့ လူတိုင်းလူတိုင်း လူပီသစွာနေကြရဖို့၊ လူထုကို ကာကွယ်တဲ့ တရားဥပဒေ ပေါ် လာဖို့ အချုပ်ပြောရရင် လွတ်လပ်ခြင်း ညီမျှခြင်း တရားမျှတမှုတွေကိုပေးမယ့် စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်လာဖို့ ပေး ဆပ်နေကြတယ်ဆိုတာကို သိရှိဖို့သာမက၊ နိုင်ငံရေးအရ နိုးကြားသိရှိဖို့ဟာ အထူးလိုအပ်လှပါတယ်။ ပြောတိုင်းယုံ တာ မဟုတ်ဘဲ လက်တွေ့နဲ့ ချိန်ထိုးနိုင်ရပါမယ်။ ................................................................................................................................ ယခုအထိ မြန်မာပြည်အစိုးရ အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် ဘဝကို စွန့်လွှတ် နေကြတဲ့ ရဟန်းသံဃာတွေ ကျောင်းသားလူငယ်တွေ တိုင်းရင်းသားများ အလွှာပေါင်းစုံမှ စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်တော်လှန်ယင်း ထောင်ကျနေ ရတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်မြောက်ဖို့ ပြည်တွင်း ပြည် ပရှိ ကျနော်တို့က တပ်စွမ်းသမျှဝိုင်းဝန်း ကူညီပေး ကြဖို့၊ တာဝန်သိ ကျေးဇူးသိတဲ့ နိုင်ငံသားကောင်းတွေအဖြစ် တာဝန်ယူ လုပ်ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ ................................................................................................................................. ခွပ်ဒေါင်းကျောင်းသားတွေရဲ့ ရိုးသားမွန်မြတ်တဲ့ သမိုင်းစဉ်ကို ဂုဏ်ပြုကြပါစို့။ .................................................................................................................................. နိုင်ငံချစ်စိတ် အရင်းခံနဲ့ ဘဝတွေရင်းပြီး တိုက်ပွဲဝင်နေကြသူတွေ အားလုံးကို မမေ့ကြပါနဲ့။ သူတို့အားလုံးဟာ နိုင်ငံ့မိတ် ဆွေတွေ မျိုးချစ်တွေ ဖြစ်ကြပါတယ်။ သူတို့ ကျေးဇူးတို့မမေ့ကြဘူး။ .................................................................................................................................. နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ဖို့သင့်လုပ်အားဖြင့် ဂုဏ်ပြု ပါဝင်ကြပါစို့။ .................................................................................................................................. နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်တိုင်ရေးသားတဲ့ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားဘဝ အတွေ့ အကြုံများအကြောင်း စာအုပ်နှစ်အုပ်လင့်ခ်ကို ကလစ်လုပ်ပြီး နဝတ နအဖ စစ်အားဏာရှင်တွေ ဒီမိုကရေစီ လိုလားသူတွေကို အကျဉ်းထောင် တွေထဲ ဘယ်လို နှိပ်စက်က လူပြုသလဲ ထောင် တွေထဲ ဘယ်လိုနေရတယ် ဘယ်လိုစားရတယ်ဆိုတာတွေကို လေ့လာလို့ ရပါတယ်။ ဘာလဲဟဲ့ လူ့ငရဲ (ဆရာကြီး ဦးဝင်းတင်) စာအုပ် http://www.scribd.com/doc/77720423/U-Win-Tin-%E2%80%9C%E1%80%98%E1%80%AC%E1%80%9C%E1%80%B2%E1%80%9F%E1%80%B2%E1%80%B7-%E1%80%9C%E1%80%B0%E1%82%94%E1%80%84%E1%80%9B%E1%80%B2%E2%80%9D လူရှင်သင်္ချိုင်း (ကိုနေလင်း) စာအုပ် http://www.scribd.com/doc/77719413/Lu-Shin-Thin-Chine-by-Nay-Lin လေးစားစွာဖြင့် ဇော်ဝင်း မှတ်ချက်။ ။ ဆရာ ဦးအောင်ခင် ရဲ့ ဆောင်းပါးတွေကို ကိုးကားရေးသားထားတယ်။

1 Comment
kyawnanda1978 wrote on Jan 13
တိုင်းရင်းသားတွေရဲ့ လက်ရှိရင်ဆိုင် နေရတဲ့ အခက်အခဲတိုက်ပွဲတွေကို စာနာနားလည်မှု တန်ဖိုးး ထားမှုတင်မက နိုင်ငံရေးအရ အမြင်ကျယ်ပြန့်မှုရှိတဲ့ အဓိ ပ္ပါယ်ပြည့်စုံတဲ့ ခေါင်းစဉ် အဓိပ္ပါယ် သတ်မှတ်မှု ဖြစ်ပါတယ်။ ဒါဟာ အလွန်အရေကြီးပြီး “ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရ သူ နိုင်ငံရေးအကျဉ်းသားများ” ဆိုတဲ့ “စံ” ကို အကောင်းဆုံး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
Add a Comment
   

kyawnanda tun

 
ကျနော်ရဲ.ဆိုက်ကို.. 19th.Oct.2009..မှာစတင်တည်ထောင်ပါတယ်